ရီးရဲလ်မက်ဒရစ်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ လိုပက်တီဂူဟာ ဖိအားတွေအောက်မှာ ရုန်းကန်နေရပြီး အသင်းကနေ ထုတ်ပယ်ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။
သူ့နေရာမှာ အစားထိုးဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နည်းပြကတော့ ဂျူဗင်တပ်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီလို့ သတင်းတွေ ထွက်နေပေမယ့် အီတလီလူမျိုးနည်းပြရဲ့ အေးဂျင့်ကတော့ ငြင်းဆန်ထားပါတယ်။
လက်ရှိအချိန်ထိ ရီးရဲလ်မက်ဒရစ်အသင်းကနေ ကမ်းလှမ်းလာတာ မရှိသေးသလို ကွန်တီဟာလည်း ခရီးရှည်ထွက် အနားယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အေးဂျင့်ဖြစ်သူ ဒန်နီလီကွန်တီဟာ အန်တိုနီယိုကွန်တီနဲ့ ညီအစ်ကိုတော်စပ်သူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ လိုပက်တီဂူကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ပေါင် ၁၆ သန်းလောက် လျော်ကြေးပေးရဖို့ ရှိနေပါတယ်။
၂၀၂၁ ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ လိုပက်တီဂူနဲ့ စာချုပ်ဟာ ပေါင် ၅ ဒသမ ၃ သန်းတန်ကြေး ရှိနေသလို စာချုပ်ပါအချက်အလက်တွေအရ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် စာချုပ်ဖျက်သိမ်းခဲ့မယ်ဆိုရင် ပေါင် ၁၅ သန်းကျော် လျော်ကြေးပေးရမှာလည်း ဖြစ်ပါတယ်။
4 years Ago