လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရန် နီးစပ်

June 26, 2017

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူနိုင်ရေး အာဆင်နယ် ဆွေးနွေးသွားမည်

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူဖို့အတွက် လိုင်ယွန်အသင်းနဲ့ တပတ်အတွင်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ မိုနာကိုတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး များတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း တနှစ်ထပ်ကစားဖို့ ဆန္ဒရှိနေတာကြောင့် လာကာဇက်တီကို ပစ်မှတ်ထားလာတာပါ။ အာဆင်နယ်အသင်းအနေနဲ့ လိုင်ယွန်အသင်းဥက္ကဋ္ဌ မိုက်ကယ်အောလက်စ်နဲ့ တပတ်အတွင်း ဆွေးနွေးတော့မှာဖြစ်ပြီး လိုင်ယွန်အသင်းဘက်က ပေါင် ၃၅ သန်းအထက်ရမှ ရောင်းချမယ်လို့ သိရပါတယ်။ လာကက်ဇက်တီအနေနဲ့ ဒီနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့လည်း အတည်ပြု ပြောကြားထားပါတယ်။ အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် လက်ကာဇက်တီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် ၄၅ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
4 years Ago

June 15, 2017

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရန် နီးစပ်

တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ လိုင်ယွန်အသင်း ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး လိုင်ယွန်အသင်းအနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းဆီ ရောင်းချမယ့်အစား ပြည်ပကလပ်အသင်းတသင်းကို ရောင်းချဖို့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းမှုပြုလုပ်တာ မရှိသေးလို့ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ လိုင်ယွန်အသင်းဥက္ကဋ္ဌက သတိပေး ပြောဆိုလိုက်တာပါ။ လာကာဇက်တီကို စပိန်ကလပ် အက်သလက်တီကိုအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဖီဖာက အပြောင်းအရွှေ့ ပိတ်ပင်ထားတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။ အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် လာကာဇက်တီဟာ လိုင်ယွန်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
4 years Ago
Up