လိုက်ဇစ် (ရုပ်သံ)

August 20, 2017

ဂျာမန်ဘွန်ဒတ်လီဂါ ရှောကဲ ၂-၀ လိုက်ဇစ် (ရုပ်သံ)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာပဲ ရှောကဲက အိမ်ကွင်းမှာ လိုက်ဇစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရှောကဲအတွက် ဦးဆောင်ဂိုးကို တဖက်နောက်တန်း ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။ လိုက်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြပြီး အမှတ်ပေးဇယားမှာ ဒုတိယရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ လိုက်ဇ်အသင်း ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက် ကန်သွင်းမှာတော့ ရှောကဲက ပိုရခဲ့ပါတယ်။ ရှောကဲအတွက် ဒုတိယ အနိုင်ဂိုးကို တန်ပြန်တိုက်စစ်ကနေ ၇၃ မိနစ်မှာ ကိုနိုပလီရန်ကာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ရှောကဲက အနိုင် ၃ မှတ် ရသွားပါတယ်။
4 years Ago
Up