မနေ့ကယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွတ်ဒတ်စ်လီဂါပွဲစဉ်မှာ လိုက်ဇစ်အသင်းက ဖရိုင်းဘတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လိုက်ဇစ်အသင်းအတွက်တော့ ပထမဆုံးနိုင်ပွဲ စရတာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၂၃ မိနစ်မှာ ဖရိုင်းဘတ်အသင်းက စတင်သွင်းယူပါတယ်။
လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ၄၈ မိနစ်မှာ ဝါနာက သွင်းယူပါတယ်။
ဒီပွဲမှာ လိုက်ဇစ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။
ဒုတိယဂိုးနဲ့ တတိယဂိုးကို ၅၅ မိနစ်နဲ့ ၇၁ မိနစ်မှာ အော်ဘန်က သွင်းယူပါတယ်။
ဒီပွဲမှာ ဖရိုင်းဘတ်နောက်တန်း ကစားပုံ အမှားအယွင်းများခဲ့ပါတယ်။
လိုက်ဇစ်အတွက် အပိတ်ဂိုးကိုတော့ မိနစ် ၈၀ မှာ ဘရူမာက သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ လိုက်ဇစ်က ၃ မှတ်ရသွားပြီး ဖရိုင်းဘတ်ကတော့ ၁ မှတ်ပဲ ရသေးတာဖြစ်ပါတယ်။
5 years Ago