လိုက်ဇစ်

April 7, 2019

လိုက်ဇစ်က လေဗာကူဆန်ကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာပဲ လိုက်ဇစ်က လေဗာကူဆန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လေဗာကူဆန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်လောက်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ၁၇ မိနစ်မှာ ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းယူပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ နှစ်သင်းတွေ့လို့ အကြိတ်အနယ်ရှိခဲ့ပြီး လေဗာကူဆန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ လေဗာကူဆန်အတွက် ဒုတိယဂိုးကို ၂၃ မိနစ်မှာ သွင်းယူပါတယ်။ ဧည့်သည် လိုက်ဇစ်အတွက် ဒုတိယချေပဂိုးကို ၆၄ မိနစ်ကျမှ အဝေးကစ်ကနေ သွင်းယူပါတယ်။ အဲဒီနောက်ပိုင်း ၇၁ မိနစ်မှာ လိုက်ဇစ်အတွက် တတိယဂိုးကို  ပင်နယ်တီကနေ သွင်းယူပြီး အပိတ်ဂိုးကို ၈၃ မိနစ်မှာ ကွင်းလယ်သမား ခူညာက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လိုက်ဇစ်က ၅၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်သွားပြီး လေဗာကူဆန်က အဆင့် ၈ နေရာကို ကျဆင်းသွားပါတယ်။
2 years Ago

February 5, 2019

၁၉ နှစ်အရွယ် လိုက်ဇစ်နောက်ခံလူ ကိုနိတ်ကို အာဆင်နယ် ခေါ်ယူရန် စောင့်ကြည့်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် လိုက်ဇစ်နောက်ခံလူ အီဗရာဟီမာ ကိုနိတ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပြင်သစ် ယူ-၂၀ ဗဟိုနောက်ခံလူ ကိုနိတ်ဟာ အခုနှစ်ဘောလုံးရာသီမှာ လိုက်ဇစ်အသင်းအတွက် ၁၆ ပွဲအထိ ကစားပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကင်းထောက်အဖွဲ့ ထောက်ခံချက်အရ  အရပ် ၆ ပေ ၄ လက်မရှိပြီး အရွယ်နဲ့မလိုက်အောင် ကြံ့ခိုင်မှုကောင်းတဲ့ ကိုနိတ်ကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ကိုနိတ်ကို လန်ဒန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ကိုနိတ်ဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ပွဲပေါင်း ၂၆၇ ပွဲကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
2 years Ago
More News
Up