လုယက်မှုများ

March 27, 2020

မက္ကဆီကိုနိုင်ငံတွင် လုယက်မှုများကြောင့် လုံခြုံရေးတိုးမြှင့်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်မှာ မက္ကဆီကိုနိုင်ငံအတွင် လုယက်တာတွေ  ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက် မတ် ၂၆ ရက်က မြို့တော်မက္ကဆီကို စီးတီးစူပါမားကတ်တွေမှာ လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။ မတ် ၂၄ ရက်က  ရပ်ကွက် လေးခုမှာ ဆိုင်တွေကို လုယက်ဖို့ ကြိုးပမ်းတဲ့  လူ ၁၀ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး ထောက်ပံ့မှာတွေရှိပြီး လုယက်တာတွေကြောင့်  စိတ်မပူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ လုယက်မှုတွေ ကျူးလွန်ဖို့ သွေးထိုးတာတွေ ရှိ၊ မရှိ ဆိုရှယ်နက်ဝါ့ခ်တွေကို အာဏာပိုင်တွေဟာ အမြဲထောက်လှမ်းနေတယ်လို့ မတ်လ ၂၅ ရက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မက္ကဆီကိုစီးတီး မြို့တော်ဝန်က ပြောခဲ့ပါတယ်။ ဒါ့အပြင် လုယက်သူတွေဟာ  အငတ်ဘေးနဲ့မဆိုင်တဲ့ တီဗွီတွေကို ခိုးတာမျိုး၊  ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ မြို့တော်ဝန်က ရှင်းပြခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ ဈေးဆိုင်တွေကို လုယက်ဖို့ သွေးထိုးလှုံ့ဆော်တဲ့ ဖေ့စ်ဘွတ်ခ် အကောင့် ၂၉ ခုကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့လည်း ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတဦးက “ဒါဟာ COVID-19 ကို အခွင့်ကောင်းယူတာ” လို့ ပြောခဲ့ပါတယ်။ “အစားအသောက် လုယက်တာကို လက်ခံလို့ရပေမယ့် တီဗွီတွေကို ခိုးတာကတော့ လက်ခံနိုင်စရာ မရှိဘူး” လို့လည်း မက္ကဆီကိုစီးတီး ဒေသခံတဦးက ပြောပါတယ်။
1 year Ago
Up