ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်းမှာ တရက်တာ ဆန္ဒပြပွဲတွေနဲ့ စူပါမတ်ကတ်အနည်းဆုံးလေးခုကို လုယက်မှုတွေဖြစ်ခဲ့လို့ လူတဦးသေဆုံးခဲ့ရတယ်လို့ အန်ဂျီအိုအဖွဲ့တခုကို ကိုးကားပြီး ရိုက်တာ သတင်းက ရေး ပါတယ်။
ဗင်နီဇွဲလားဟာ အသွားအလာ ကန့်သတ်မှုကာလ သတ်မှတ်ထားတာ ရက်သတ္တပတ် ခြောက်ပတ်ရှိနေပြီး ဆယ်စုနှစ် အတွင်း အဆိုးဝါးဆုံး လောင်စာဆီ ပြတ်လပ်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။
ရိုက်တာက ရရှိခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ လူတွေက အဆောက်အအုံတခုကို ခဲလုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်နေပြီး ဒဏ်ရာရသူ တဦးကို သယ်ယူသွားတာကိုလည်း တွေ့ရပါတယ်။
အန်ဂျီအိုအဖွဲ့ဖြစ်တဲ့ Venezuelan Social Conflict Observatory ကတော့ သေဆုံးသူဟာ နိုင်ငံတောင်ပိုင်း ဘိုလီဗာပြည်နယ် ယူပါတာမြို့မှာ အစားအစာ ရရှိရေး ဆန္ဒပြပွဲတွေအတွင်း ရဲက ဦးခေါင်းကို သေနတ်နဲ့ နှစ်ချက်ပစ်သတ်ခံရလို့ သေဆုံးတာလို့ တွစ်တာမှာ ရေးထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ပြန်ကြားရေးဝန်ကြီးဌာနက မတုံ့ပြန်သေးပါဘူး။
10 months Ago