လုပ်သား ၁ ဦး

November 21, 2020

ပေ ၁၅၀ အနက် တွင်းထဲပြုတ်ကျသည့် လုပ်သား ၁ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်(ဓာတ်ပုံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘော်ပဒါန်းကျေးရွာရှိ ဘုံခေါင်းကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းမှာ မနေ့က ပေ ၁၅၀ အနက် တွင်းထဲ ပြုတ်ကျခဲ့တဲ့ လုပ်သားတဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁နာရီခွဲလောက်က တွင်းလုပ်သား ၁ ဦး အနက် ပေ ၁၅၀ လောက်ရှိ တွင်းထဲ မတော်တဆပြုတ်ကျခဲ့တာပါ။  မိုးကုတ်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ၂ နာရီ မိနစ်  ၅၀  လောက်မှာ တွင်းလုပ်သားအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တွင်းထဲ ပြုတ်ကျခဲ့တဲ့ တွင်းလုပ်သားကို မြို့နယ် rescue အဖွဲ့က သူနာတင်ယာဉ်နဲ့ မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး  ထိခိုက်ဒဏ်ရာမှုအခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
2 years Ago
Up