.လုပ်သားသောင်းချီ

February 5, 2021

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် စက်ရုံ လုပ်သားသောင်းချီ ပါဝင်လာ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကွက်တဲ့လှုပ်ရှားမှုမှာ   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစတဲ့ စက်မှုဇုန်တွေက စက်ရုံလုပ်သား သောင်းနဲ့ချီပြီး ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်က ပူးပေါင်းပါဝင်လာပါတယ်။

ဒီကနေ့မှာတင်ပါဝင်လာတဲ့ အလုပ်သမားအဖွဲ့စည်းအသီးသီးရဲ့ အဖွဲ့ဝင် စက်ရုံအရေ အတွက်က ၁၅ ရုံအထက်မှာရှိနေပြီး  ရန်ကုန်တိုင်းတစ်တိုင်းလုံးက စက်ရုံအလုပ်ရုံတွေပါ ဝင်လာဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေ ဆီကသိရပါတယ်။

10 months Ago
Up