လုပ်ပိုင်ခွင့်သက်တမ်း တိုး

September 10, 2020

ဗင်နီးဇွဲလားအမျိုးသားလွှတ်တော်၏ လုပ်ပိုင်ခွင့်သက်တမ်း တိုးဖွယ်ရှိဟု အတိုက်အခံခေါင်းဆောင် ပြော

ဗင်နီဇွဲလား လွှတ်တော်ရွေးကောက်ပွဲတွေကို လာမယ့်ဒီဇင်ဘာမှာ ကျင်းပတော့မှာမို့   အမျိုးသားလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို သက်တမ်းတိုးဖွယ်ရှိတယ်လို့ အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။     မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ အတိုက်အခံ ဥပဒေပြုအမတ်  ဖရက်ဒီ ဂယ်ဗာရာက ဟွမ်ဂွယ်ဒိုကို ထောက်ခံတဲ့ နည်းလမ်းနဲ့သာ မာဒူရိုကို  အာဏာကနေ ဖြုတ်ချ နိုင်မယ်လို့ မီဒီယာကို ပြောဆိုခဲ့ပါတယ်။  ဗင်နီဇွဲလားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး ဖိအားပေးတဲ့အနေနဲ့  အတိုက်အခံခေါင်းဆောင် ဂွယ်ဒိုက အဓိက အတိုက်အခံပါတီ ၄ ခု၊ တခြားပါတီနဲ့ အဖွဲ့အစည်း  ၃၃ ခုတို့နဲ့  သဘောတူညီချက်အသစ် ရယူထားပါတယ်။  ဒါပေမဲ့ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက  ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ပေးဖို့နဲ့  လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ အာမခံထားတဲ့ စာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အီးယူနဲ့ကုလသမဂ္ဂထံ ပေးပို့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up