လုပ်ငန်း ၅၅ မျိုး

May 16, 2020

မန္တလေးမြို့ ဈေး ၄၁ ခုနှင့် လုပ်ငန်း ၅၅ မျိုး ပြန်ဖွင့်ခွင့်ပြု (ဓာတ်ပုံ)

မန္တလေးမြို့မှာ ပိတ်ပင်ထားတဲ့ စည်ပင်သာယာနဲ့သက်ဆိုင်တဲ့ ဈေး ၄၁ ဈေးနဲ့ လုပ်ငန်းအမျိုးအစား ၅၅ မျိုးတို့ကို မေလ ၁၆ ရက်နေ့မှစတင်ကာ ကျန်းမားရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ ဈေးတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေးခဲ့ပေမယ့် မန္တလေးမြို့ မဟာအောင်မြေရှိ ကျောက်ဝိုင်း ပါဝင်တာမရှိသလို စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ဆက်လက်ရောင်းချဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ Photo - Kaung Zaw Hein / MPA
11 months Ago
Up