လုပ်ငန်းခွင်ဝင်

A d v e r t i s e m e n t With Us

June 2, 2020

မနီလာတွင် လော့ဒေါင်းဖြေလျှော့၊ အလုပ်သမားထောင်ချီ လုပ်ငန်းခွင်ဝင်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ ဇွန်လ ၁ ရက်ကစလို့ အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်း စည်းမျဉ်းတွေ ဖြေလျှော့ပေး ပြီးနောက်  ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်နေပါပြီ။  မနီလာမှာ လော့ဒေါင်း ချထားမှုဟာ  ၃ လနီးပါး ကြာမြင့်ခဲ့တာဖြစ်ပြီး ဒါဟာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မှာ ၇၆ ရက်ကြာ လော့ဒေါင်းချခဲ့တာထက် ပိုကြာပါတယ်။  အလုပ်သမားတွေဟာ နေ့စဉ် ရုံးဆင်း ရုံးတက်လုပ်ရဖို့ ဘူတာရုံတွေမှာ သတ်မှတ်စည်းမျဉ်းအတိုင်း စောင့်ဆိုင်းနေပြီး ရထားတွဲကို ရထားဝန်ထမ်းတဦးက ပိုးသတ်ဆေးတွေ လိုက်ဖျန်းနေတာ ကို ရိုက်တာသတင်းဌာနရဲ့ ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။  ဘတ်စ်ကားတွေပေါ်မှာလည်း ရုံးတက်ရမယ့်သူတွေကို ကိုယ်အပူချိန်တိုင်းနေပြီး  လမ်းတွေပေါ်မှာလည်း ကားတွေ၊ ဆိုင်ကယ်တွေ သွားလာနေတာကို ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
9 months Ago
Up