လုပ်ငန်း

A d v e r t i s e m e n t With Us

June 18, 2020

ကိုရိုနာကူးစက်သူတိုးလာသော်လည်း လုပ်ငန်းများ မပိတ်ဟု အမေရိကန်သမ္မတပြော

အမေရိကန်နိုင်ငံက ပြည်နယ်အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ်တွေ  တိုးလာနေပေမယ့်  လုပ်ငန်းတွေကို ထပ်ပိတ်မှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က  ဇွန် ၁၇  ရက်မှာ ပြောဆိုလိုက်ပါတယ်။  Fox သတင်းရုပ်သံလိုင်းရဲ့ "Hannity" အင်တာဗျူးမှာ သမ္မတ ထရမ့်က အဲဒီလို ပြောဆိုခဲ့တာပါ။   အိမ်ဖြူတော် စီးပွားရေးအကြံပေး လယ်ရီကတ်လိုးနဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မျူချင်တို့ နှစ်ဦးစလုံးက  အမေရိကန်မှာလုပ်ငန်းတွေကို ထပ်ပိတ်မှာ မဟုတ်ဘူးလို့ ပြောဆိုပြီးနောက်မှာ အခု လို သမ္မတ ထရမ့်ရဲ့ မှတ်ချက်  ပေါ်ထွက်လာတာပါ။    ဒါ့အပြင် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန်  ရေးသားတဲ့ စာအုပ်နဲ့  ပတ်သက်လို့ ထရမ့်က ဘော်လ်တန်ဟာ ဥပဒေကို ချိုးဖောက်ပြီး စာအုပ်ထဲမှာ အထူး လျှို့ဝှက်အကြောင်းအရာတွေကို ထည့်သွင်းရေးသားခဲ့တယ်လို့ ပြောဆိုပါတယ်။   ဇွန် ၁၆  ရက်က အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဘော်လ်တန်ကို တရားစွဲဆိုခဲ့ပြီး အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ စာအုပ်ထုတ်ဝေရေးကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာက ဆိုပါတယ်။
9 months Ago
Up