လုပ်ခလျှော့ယူ

October 23, 2019

မန်ယူတွင် လုပ်ခလျှော့ယူပြီး ကစားရန် ဂျူဗင်တပ်တိုက်စစ်မှူး ဆန္ဒရှိနေ

ဂျူဗင်တပ် တိုက်စစ်မှူး မန်ဇူကစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လုပ်ခလျှော့ယူပြီး လာရောက် ကစားဖို့ ဆန္ဒရှိနေတယ်ပါတယ်။ ခရိုအေးရှား တိုက်စစ်မှူးမန်ဇူကစ်ဟာ ဂျူဗင်တပ်အသင်း ပထမအသင်းနဲ့အတူ လေ့ကျင့်ခွင့်မရဘဲ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားတာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာတချို့နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်  မန်ဇူကစ်ကို ခေါ်ယူဖို့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိ မန်ဇူကစ်ဟာ ဂျူဗင်တပ်အသင်းမှာ တပတ် လုပ်ခ ပေါင် သုံးသိန်း ရရှိနေပေမယ့် မန်ယူအသင်းမှာတော့ တပတ်လုပ်ခ ပေါင် တသိန်းခွဲ ရရှိမယ်ဆိုရင်တောင် လာရောက်ကစားဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်တဦး ဝယ်မလား၊ မဝယ်ဘူးလား ဆိုတာကိုတော့ ယတိပြတ် ပြောကြားထားခြင်း မရှိသေးပါဘူး။
2 years Ago
Up