ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၂ ရက်မှာ စတင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားရာမှာ COVID-19 ရောဂါ အန္တရာယ်ကြောင့် ဘောလုံးပြန်မကစားချင်တဲ့ ကစားသမားတွေကို လုပ်ခပေးချေခြင်းမပြုဖို့ အသင်းတာဝန်ရှိသူတဦးက အကြံပေးထားပါတယ်။
မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး၊ နယူးကာဆယ်နောက်ခံလူ ဒယ်နီရို့စ်တို့လို ကစားသမားတွေကတော့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲတွေ ပြန်မစသင့်သေးကြောင်း ပြောကြားခဲ့ကြသူတွေပါ။
အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ် တာဝန်ရှိသူတဦးကတော့ ကစားဖို့ ငြင်းဆန်တဲ့သူတွေကို လုပ်ခ မပေးသင့်ကြောင်း ပြောခဲ့တယ်လို့ စကိုင်းစပေါ့ သတင်းမှာ ဖော်ပြပါတယ်။
လမ်းပေါ်ကလူတွေကို တပတ်လုပ်ခ ပေါင် ၆၀၀၀၀ ပေးပြီး ဘောလုံးကစားမလားလို့ မေးရင် အားလုံးက ကစားမယ်လို့ ဖြေကြမှာဖြစ်ပြီး ဘောလုံးသမားတွေအနေနဲ့လည်း ပြန်ကစားမယ့် အစီအစဉ်ကို ကန့်ကွက်ခြင်းမပြုသင့်ဘူးလို့လည်း အသင်းတာဝန်ရှိသူတဦးက ပြောခဲ့တယ်လို့ သိရပါတယ်။
10 months Ago