လုပ်​​သေနတ်​ ဖမ်းမိသူ၏ နေအိမ်​ကို ရှာ​ဖွေရာမှ

August 7, 2017

လုပ်​​သေနတ်​ ဖမ်းမိသူ၏ နေအိမ်​ကို ရှာ​ဖွေရာမှ WY မူးယစ်​​ဆေးပြားများ ထပ်​မံဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆမ်မြို့မှာ လုပ်သေနတ် ဖမ်းမိသူရဲ့ နေအိမ်ကို ဆက်လက် ရှာဖွေရာမှာ ကျပ်သန်းပေါင်း ၄၇၆၀၀,၀၀၀ တန်ဖိုးရှိ WY မူးယစ်ဆေးပြားတွေ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ နမ့်ဆမ်မြို့မရဲစခန်းက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆမ်မြို့ တောင်ကြီး-နမ့်ဆမ် ပြည်ထောင်စုကားလမ်းမပေါ်မှာ သြဂုတ် ၆ ရက်နေ့ ၁၂ နာရီဝန်းကျင်အချိန်ခန့်က အဖွဲ့စုံနဲ့ မော်တော်ယာဉ်တွေကို ရပ်တန့်ပိတ်ဆို့ ရှာဖွေစစ်ဆေးရေး ဆောင်ရွက်ခဲ့ပါတယ်။ နမ့်ဆမ်မြို့ဘက်မှ လွိုင်လင်မြို့ဘက်ကို ယာဉ်မောင်း စန်လု မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်မောင်း စန်လု လွယ်ထားတဲ့ လွယ်အိတ်ထဲက အရှည် ၉ ဒသမ ၆ လက်မခန့်ရှိ တလုံးထိုးပြောင်းတို လုပ်သေနတ် ၁ လက်နဲ့ ငွေစက္ကူရောရာ ၅၈၇၀,၀၀၀ ကျပ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး နေအိမ်ကို ဆက်လက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာပါ။ နမ့်ဆမ်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက “ယာဉ်မောင်း စန်လု စီးနင်းလာတဲ့ မော်တော်ယာဉ်နဲ့ လွယ်ထားတဲ့ လွယ်အိတ်ထဲက မူးယစ်ဆေးဝါးအနံ့ရတာကြောင့် စန်လု နေထိုင်တဲ့ ကုန်းပုတ်ရွာရှိ နေအိမ်ကို ဖမ်းဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာ နေအိမ်အခန်းနဲ့ ကပ်ရက် အခန်းမှာ မြေအောက်ခန်းတခန်း တွေ့ရှိကာ မြေအောက်ခန်းထဲက သံသေတ္တာထဲမှာ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်နဲ့ ထည့်ထားပြီး ရှမ်းစက္ကူနဲ့ ထုပ်ပတ်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁ ထုပ်ကို ၂၀၀ ပြားပါအထုပ် ၂၃၈ ထုပ်၊ ၄၇၆၀၀ ပြား ဖမ်းဆီးရမိခဲ့တာပါ။ ကာလတန်ဖိုး ကျပ်သိန်း ၄၇၆၀၀,၀၀၀ နဲ့ အဖြူရောင် ပလတ်စတစ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၂၅ ကျပ်သား၊ ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၆,၅၃၆၂.၅ ခန့်၊ အရှည် ၄ ပေခန့် ရှမ်းတူမီးတလက်နဲ့ ၄ ပေခန့်ရှိ ပြုလုပ်နေဆဲ ရှမ်းတူမီးတလက်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်”လို့ ပြောပါပါတယ်။ တရားမဝင် လုပ်သေနတ်တွေ လက်ဝယ်ထားရှိကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ စန်လုကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဥပဒေများအရ မယ(ပ)၂၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)၂၀(က)/၂၂(ခ) နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
4 years Ago
Up