လုပ်​သားရှားပါး

A d v e r t i s e m e n t With Us

July 18, 2019

လုပ်​သားရှားပါး၊လုပ်​ခ​ဈေးမြင့်နေသဖြင့် စိုက်​စရိတ်ချေးငွေပိုပေးရန် ရခိုင်လယ်သမားများ ​တောင်းဆို

ရခိုင်ပြည်နယ်၊ မောင်​​တော​ဒေသမှာ လုပ်​သားရှားပါ​​ကာ လုပ်​အာခ ဈေးနှုန်းတွေ မြင့်​မား​နေတာကြောင့် အစိုးရအနေနဲ့ စိုက်​ပျိုး​စရိတ်ချေး​ငွေတွေ ပို​မို​ထုတ် ချေး​ပေးဖို့ ဒေသခံ လယ်​သမားတွေက တောင်းဆို လိုက်ပါတယ်။ မောင်​​တော​ဒေသမှာ ၂၀၁၇ အကြမ်းဖက်​ဖြစ်​စဉ်​တွေ ဖြစ်​ပွားပြီး​နောက်​ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်ကို ​လူ ၇ သိန်းခန့်​​ နေရပ်​စွန်​ခွာသွားပြီး​နောက်​​ပိုင်း  လုပ်​သားရှားပါးမှုနဲ့ ရင်​ဆိုင်​​နေရကာ လုပ်​ခတွေ ​ဈေးမြင့်​​နေ​သော​ကြောင့်​ ​လယ်​သမားတွေ အခက်​​တွေ့ နေရတာပါ​။ ​မောင်​​တောမြို့ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မှ လယ်​သမားတွေကို တဧကကို ငွေတသိန်းခွဲနဲ့ ​ချေး​ငွေထုတ်​​ချေးနေရာ လယ်​သမားတွေဟာ ထွန်​ယက်​စိုက်​ပျိုးစရိတ်​နဲ့​ မလုံမ​လောက် ဖြစ်​​နေကြတဲ့အတွက် ​ချေးငွေပိုမိုထုတ်​​ချေး ​ပေး​စေလို​တယ်လို့ ပြောကြပါတယ်​။ ​မောင်​​တော​တောင်​ပိုင်း ​ဗောဓိကုန်း​ကျေးရွာမှ လယ်​သမား ဦးဖြူသာထွန်းက​ “အခု လုပ်​ခ​တွေက ​ဈေးများပါတယ်။ လူတ​ဦးကို တ​ရက်​ငှားခ ကျပ် ၁၂၀၀၀ ​​လောက်​​ပေးရတယ်​။ အမြတ်​အစွန်း မရှိ​ပေမယ့် ချေး​ငွေကိုရှာကြံပြီး ပြန်​ဆပ်​ပြီးမှ​ချေးယူတာဖြစ်​ပါတယ်​။ ဒီနှစ်​က မိုးလည်းခေါင်​တယ်​။ ရာသီဥတုမမှန်​တဲ့အတွက်​ အခက်​​တွေ့နိုင်​သလို ချေး​ငွေက တဧကကို ၁ သိန်းခွဲ ဆိုတာ စိုက်​ပျိုးစရိတ်​နဲ့ မလုံ​လောက်​ပါဘူး။ ​နောက်​ထပ်​ ၃​ သောင်း​လောက် ​တိုး​ချေး​ ပေး​စေချင်​ပါတယ်​”လို့ ဆိုပါတယ်​။ ​မောင်​​တောမြို့နယ်​အတွင်း လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မှ ​မေ ၈ ရက်​​မှ ဇူလိုင်​ ၁၅ ရက်​​အထိ ကျေးရွာအုပ်​စု ၁၁ စု၊ လယ်​သမားဦး​ရေ ၅၂၀ ​ဦးရဲ့ စိုက်​ပျိုး​ မြေဧကစုစု​ပေါင်း ၁၅၉၉ ဧကအတွက်​ ထုတ်​​ချေးငွေ ၂၃၉၈ သိန်းခွဲထုတ်​​ချေးထား​ကြောင်း ​မောင်​​တောမြို့ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​က သိရပါတယ်​။ ​ဗောဓိကုန်း​ကျေးရွာမှ လယ်​သမား​ ဦး​မောင်​မြသာက​ "ကျနော်​မှာ လယ်​​မြေ ဧက သုံးဧက ရှိတယ်​ ​တဧကကို တသိန်းခွဲဆို​တော လေးသိန်းခွဲချေး​ငွေရပါတယ်။ အခက်အခဲက​တော့ ဒီနှစ်​မှာ ရာသီဥ​ဖောက်​ပြန်​မှုကြောင့် အခုအချိန်​မှ လယ်​ထွန်​ရမှာဖြစ်​တယ်​။ ပျိုးစိုက်​ဖို့ အချိန်​လိုက်​မီ နိုင်​​တော့ဘူး။ ကြဲစပါးပဲ စိုက်​ပျိုးနိုင်​မှာဖြစ်​တဲ့အတွက်​ ​ချေးငွေကိုပြန်​ဆပ်​နိုင်​ဖို့ အမြတ်​အစွန်းရနိုင်​ဖို့က​တော့ စိုက်​ပျိုး​ရေးမလုပ်​ဘဲ ​မွေးမြူ​ရေးလုပ်​ရတာလည်းရှိတယ်​"လို့​ ပြောပါတယ်​။ ​မောင်​​တောမြို့နယ်​ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မန်​​နေဂျာ ဦးကံထွန်း​အောင်​က “​ဝေးလံ​ ခေါင်​ဖျားတဲ့​ဒေသ​တွေက ​မောင်​​တောဒေသကို လာရတဲ့အခါ စရိတ်​ကြီးမားပါတယ်​။ ​​တောင်​သူ​တွေအတွက်​ အခက်​အခဲတွေ ရှိပါတယ်​။ တကယ်​လို့သာ စိုက်ဘဏ်​က ​ကျေးရွာအ​ရောက်​ ဟိုတုန်းကလို​ ချေး​ငွေ​တွေ ပိုမိုထုတ်​​ချေးနိုင်​မယ်​ဆိုရင် ​မောင်​​တော​ဒေသ လယ်​ယာစိုက်​ပျိုး​ရေး အတိုင်းအတာ တ​ခုထိ​ ကောင်းလာမယ်​လို့ထင်​ပါတယ်​”လို့  ပြောပါတယ်​။ စိုက်ပျိုးစရိတ် ချေး​ငွေ​တွေကို အရင်က ကျေးရွာ​တွေဆီသို့ သွား​ရောက်​​ချေး​ပေးခဲ့​ပေမယ့်​ ၂၀၁၇ ပဋိပက္ခ​နောက်​ပိုင်း နယ်​​မြေလုံခြုံ​ရေးအ​ခြေအ​နေတွေကြောင့်​ ​ကျေးရွာတွေကို သွား​ရောက်​ မချေး​ပေးနိုင်တော့ဘူးလို့ ​စိုက်​ပျိုး​ရေးဘဏ်​က သိရပါတယ်​။ ၂၀၁၈-၂၀၁၉ ခုနှစ်​တွေမှာ ​မောင်​​တောမြို့နယ်​ လယ်​ယာဖွံဖြိုး​ရေဘဏ်​က လယ်​သမားဦး​ရေ ၈၅၉ ဦးရဲ့ စိုက်​ဧကပေါင်း  ၂၇၀၀ ဧက​အတွက် ချေး​ငွေကျပ်​သိန်း​ပေါင်း ၄၀၅၀ သိန်းထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းက​တော တနှစ်​ကို ၈ ရာခိုင်​နှုန်းဖြစ်​ပါတယ်​။
2 years Ago
Up