လုပ်သားများ

October 13, 2018

လုပ်ငန်းခွင်များတွင် အစားထိုးဝင်လာမည့် စက်ရုပ်ဆောက်လုပ်ရေး လုပ်သားများ (ရုပ်သံ)

အနာဂတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လူသားတွေနေရာမှာ စက်ရုပ် ဆောက်လုပ်ရေး လုပ်သားတွေ အစားထိုး ဝင်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဂျပန် အဆင့်မြင့်စက်မှုသိပ္ပံနဲ့ နည်းပညာဆိုင်ရာ အမျိုးသားအဆင့် အဖွဲ့အစည်း (AIST) မှာ ဖန်တီးတည်ဆောက်ထားတဲ့ HRP- 5 p စက်ရုပ်ရဲ့ စွမ်းရည်ကို ပြသခဲ့ပါတယ်။ ရုပ်သံထဲမှာ ဆောက်လုပ်ရေးလုပ်သား စက်ရုပ်ဟာ အတွင်းနံရံသုံး ပလာစတာ ဘုတ်ပြားတစ်ချပ်ကို လျှပ်စစ်ဝက်အူလှည့်တခုနဲ့ နံရံတခုမှာ တွယ်ဆက်တာတွေကို လူသားတွေလိုပဲ လုပ်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ ရှေ့ဆက်လည်ပတ်နိုင်ဖို့နဲ့ လေးလံတဲ့ ခွန်အားသုံးအလုပ်တွေ လုပ်ဆောင်နိုင်ဖို့ လူသားတွေနဲ့တူတဲ့ ဒီလိုစက်ရုပ်မျိုးတွေ အနာဂတ်မှာ လိုအပ်လာနိုင်တယ်လို့ HRP-5P ကို ဖန်တီးခဲ့သူက ဆိုပါတယ်။
3 years Ago

May 11, 2018

တနေ့ လုပ်ခ ကျပ် ၄၈၀၀ ပေးရန် လှိုင်သာယာအထည်ချုပ်စက်ရုံ လုပ်သားများ တောင်းဆို

တနေ့ လုပ်ခလစာ ငွေကျပ် ၄၈၀၀ ရရှိရေးအတွက်  ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ မှာရှိတဲ့ မြန်မာစင်းစီးရီးအထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက် စက်ရုံပြင်ပမှာ တောင်းဆိုနေပါတယ်။ စက်ရုံအလုပ်ရှင်ကပေးတဲ့ လက်ရှိလုပ်ခလစာဟာ ငွေကျပ် ၃၆၀၀ သာရရှိနေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် လက်ရှိအစိုးရက ပြင်ဆင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ အတိုင်းပေးဖို့  အလုပ်သမားတွေက တောင်းဆိုတာပါ။ အလုပ်ရှင်ဘက်ကတော့ အစိုးရက ကျပ် ၄၈၀၀ ပေးဖို့ တရားဝင်ထုတ်ပြန်တာ မရှိသေးတာကြောင့် တိုးမပေးတာလို့ ဆိုပါတယ်။ အဆိုပါစက်ရုံလည်ပတ်တာ တနှစ်ကျော်ရှိပေမယ့် လူမှုဖူလုံရေးကတ် ထုတ်မပေးတာ၊ မီးဖွားခွင့်၊ လုပ်သက်ခွင့်တွေကို ဥပဒေပါအတိုင်း မပေးတာ၊ အလုပ်တရက်ပျက်တဲ့အခါ ကျွမ်းကျင်ကြေး၊ အချိန်ပိုကြေးတွေကိုလည်း ကျပ် ၂၀၀၀၀ လောက် ဖြတ်နေတယ်လို့ အလုပ်သမား ခေါင်းဆောင် မမူမူထွေးက ပြောပါတယ်။ အလုပ်သမားတွေက အချက် ၁၅ ချက်ကို တောင်းဆိုထားရာမှာ လက်ရှိမှာတော့ အလုပ်ရှင်ဘက်က  အချက်၁၃ ချက် သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၇၅၀ လောက်ရှိတဲ့အထဲ  အလုပ်သမား ၂၀၀ လောက်က ရပိုင်ခွင့်တွေအတွက် မေလ ၇ ရက်နေ့က စပြီး တောင်းဆိုနေတာဖြစ်ပြီး မလိုက်လျောတာကြောင့် မေလ ၁၀ ရက်နေ့ကစပြီး အလုပ်သမားတွေက  စက်ရုံပြင်ပမှာ ထွက်ပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
4 years Ago
Up