လုပ်ငန်းလိုင်စင်

January 24, 2019

မော်တော်ယာဉ် လုပ်ငန်းလိုင်စင်လျှောက်ရာတွင် ကြိုးနီစနစ် ပိုများလာနေ

မြန်မာပြည်တွင်း မော်တော်ယာဉ်တွေ လုပ်ငန်းလိုင်စင်လျှောက်တဲ့အခါ လုပ်ဆောင်ရတဲ့ အဆင့်တွေ အရင်ကထက်ပိုများနေတယ်လို့ ဝါးတန်းလုပ်ငန်းလိုင်စင်နဲ့  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှာ လုပ်ငန်းလိုင်စင်သွားလုပ်တဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ အခုနှစ်ကစပြီး မော်တော်ယာဉ်တွေ လုပ်ငန်းလိုင်စင်လျှောက်တဲ့အခါ ယာဉ်ပိုင်ရှင်အနေနဲ့ ရဲစခန်းထောက်ခံစာ၊ လျှောက်ထားသူရဲ့ဓာတ်ပုံ ၂ ပုံနဲ့ ယာဉ်ရဲ့ဓာတ်ပုံတွေကို ပြင်ဆင်ယူ ဆောင်ခိုင်းခဲ့တာကြောင့် ပွဲစားတွေနဲ့ လျှောက်ထားမှု ပိုများလာတယ်လို့ လည်း ယာဉ်ပိုင်ရှင် တဦးက ပြောပါတယ်။ ရန်ကုန်အမည်ပေါက် အငှားယာဉ်တွေ၊ ကုန်တင်ကားတွေအတွက် (က)လိုင်စင်၊ (ခ)လိုင်စင်၊ (ဂ)လိုင်စင်၊ (ဃ)လိုင်စင်၊ (င)လိုင်စင်နဲ့ (စ)လုံးလိုင်စင်တွေအတွက် ၀ါးတန်း၊ မြောက်ဥက္ကလာစတဲ့ လုပ်ငန်းလိုင်စင်နဲ့  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနတွေမှာ ဇန်န၀ါရီ ၂ ရက်နေ့က စပြီး ပုံစံအသစ်နဲ့ လုပ်ဆောင်ပေးနေတာပါ။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အရင်က မနက် ၉ နာရီကနေ ညနေ ၂ နာရီအထိ လုပ်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ နေ့လယ် ၁၂ နာရီအထိပဲ ကောင်တာကနေ လက်ခံတာကြောင့် လူဦးရေ ရာနဲ့ချီပြီးစောင့်ဆိုင်းနေရပါတယ်။ ဒါ့အပြင် အစိုးရဆီမှာ အာမခံလျှောက်ထားရသလို ပြင်ပအာမခံကုမ္ပဏီတွေမှာ အာမခံ ထားတဲ့ စာရွက်စာတမ်းရှိမှ လုပ်ငန်းလိုင်စင်ထုတ်ပေးနေတဲ့အပေါ် One Stop Service ပုံစံနဲ့ ဖြစ်အောင်လုပ်ပေးဖို့လည်း  ယာဉ်ပိုင်ရှင်တချို့က တိုက်တွန်းပြောပါတယ်။
2 years Ago

July 20, 2018

ပြည့်တန်ဆာ လုပ်ငန်းလိုင်စင် ချမှတ်ပေးရေး ဥပဒေပြဋ္ဌာန်းရန် အကြံပြု

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေကို တရားဝင်လုပ်ပိုင်ခွင့်လုပ်ငန်း လိုင်စင်ချမှတ်ပေးဖို့အတွက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အကြံပြုမှုတွေ ရှိနေပါတယ်။ ပြည့်တန်ဆာအလုပ်နဲ့ လုပ်ကိုင်စားသောက်နေတဲ့ အမျိုးသမီးတွေအနေနဲ့ တရားဝင်လုပ်ပိုင်ခွင့် လုပ်ငန်း လိုင်စင်မရှိတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတဲ့အပြင် မတရားခံရမှုတွေနဲ့ လူ့အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးဖို့အတွက်  ဥပဒေပြဋ္ဌာန်ပေးဖို့ လိုအပ်တာဖြစ်ပြီး တရာခွင့် ခွင့်ပြုဖို့အတွက်လည်း အများပြည်သူ နားလည်မှုရှိအောင် ပညာပေးလုပ်ငန်းတွေကို အရင်လုပ်ဆောင်သင့်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော် ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးဌေးဦးက ပြောပါတယ်။ ဒါပြင် မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုချက်မရှိ တာကြောင့်လည်း နောက်ဆက်တွဲပြဿနာတွေ ပါရှိလာပြီး မုဒိမ်းမှုကျူးလွန်တာတွေ စတဲ့ ကိစ္စတွေပါ ရှိလာတယ်လို့လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက   တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးကတော့ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိတာကြောင့် ဖမ်းဆီးခံရပြီဆိုရင်လည်း လုပ်ငန်းလုပ်ကိုင်တဲ့သူတွေသာ တရားခံအဖြစ်  အပြစ်ဒဏ်ခံရပြီး အတူဖမ်းဆီးမိတဲ့ အမျိုးသားတွေကျတော့ တရားလို ဖြစ်သွားတာကြောင့် တရားမျှတမှု မရှိဘူးလိုလည်း ပြောပါတယ်။ ဒါကြောင့် ပြည့်တန်ဆာအလုပ်လုပ်တဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် ဥပဒေလို အပ်နေတဲ့အပြင် ဒီလုပ်ငန်းကို လုပ်စားမရတော့တဲ့ အမျိုးသမီးတွေအတွက်ကိုလည်း အသက်မွေးဝမ်းကြောင်းပညာတွေ အစိုးရက သင်ကြားပေးဖို့လည်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတွေက လိုလားနေကြပါတယ်။
3 years Ago
Up