လုပ်ငန်းများ ရပ်တန့်မှု

January 26, 2019

အမေရိကန်အစိုးရလုပ်ငန်းများ ရပ်တန့်မှုအဆုံးသတ်ရေး သဘောတူညီချက် ဝန်ထမ်းများ ကြိုဆို

လစာမရတဲ့ အမေရိကန် အစိုးရ၀န်ထမ်းတွေဟာ ဇန်န၀ါရီ ၂၅ ရက်နေ့က  သမ္မတ ထရမ့်ရဲ့ အစိုးရလုပ်ငန်းရပ်တန့်မှု အဆုံးသတ်ရေး သဘောတူညီချက်ကို ကြိုဆိုခဲ့ပါတယ်။ အခမဲ့ စားဖွယ်ဆိုင်မှာ တန်းစီနေတဲ့ ၀န်ထမ်းတွေက နယ်စပ်လုံခြုံရေး ညှိနှိုင်းမှုတွေမှာ သဘောတူ ညီချက်ရရေး ကြိုးပမ်းကြဖို့ ပါတီနှစ်ရပ်စလုံးကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သဘောတူ ညီချက် မရရင် နောက်ထပ် အစိုးရယန္တရား ရပ်တန့်မှုဖြစ်မှာကို စိုးရိမ်မိတယ်လို့လည်း အဆိုပါ ၀န်ထမ်းတွေက ပြောပါတယ်။ အမေရိကန် သမိုင်းမှာ အရှည်ကြာဆုံး အစိုးရယန္တရား ရပ်တန့်မှုအတွက် အမေရိကန် အများစုက သမ္မတထရမ့်ကို အပြစ်တင်ကြတယ်လို့ စစ်တမ်းတွေက ဖော်ပြအပြီးမှာ သမ္မတ ထရမ့်က အကျပ်အတည်းက လွတ်မြောက်ရေးလမ်းကို ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက်နဲ့ အိမ်ဖြူတော်ကြား တည်ရှိတဲ့ “၀န်ထမ်းများအတွက် အခမဲ့စားဖွယ်” ဆိုင်ဟာ လာမယ့်ရက်တွေမှာလည်း လိုအပ်နေတဲ့ အစိုးရ၀န်ထမ်းတွေကို  အခမဲ့စားဖွယ်တွေ ဆက်လက် ပေးဝေမယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up