လုပ်ငန်းစတင်လည်ပတ်

January 19, 2018

တရုတ်တွင် မြူထူများကို ဖြေရှင်းမည့် လေသန့်စက်ရုံမျှော်စင် လုပ်ငန်းစတင်လည်ပတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ်ရဲ့ မြို့တော်ရှီးအန်းမှာ မြူထူမှု အခြေအနေကို ဖြေရှင်းတဲ့ လေသန့်စက်ရုံအတွက် မျှော်စင်ကြီးမှာ လုပ်ငန်း စတင်လည်ပတ်နေပါပြီ။ မီတာ ၆၀ မြင့်ပြီး ဆန်းသစ်တီထွင်ထားတဲ့ မျှော်စင်ကို တရုတ်သိပ္ပံအကယ်ဒမီရဲ့ လက်အောက်က ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် သိပ္ပံဌာန ပညာရှင်တွေက ပုံစံထုတ် ဆောက်လုပ်ခဲ့တာပါ။ ဆလင်ဒါပုံ မျှော်စင်ရဲ့ အတွင်းပိုင်းဟာ အချင်း ဆယ်မီတာ ရှိပြီး အပူထုတ် စနစ်၊ လေထု ခွဲဖြာစနစ်ပါတဲ့ မျှော်စင်နဲ့ မျှော်စင်ရဲ့ ထိပ်ကိုဖုံးထားတဲ့ ဇကာတွေ ပါပါတယ်။ လေသန့်စက်ရုံ စီမံကိန်းဟာ စမ်းသပ်ဆဲအဆင့်မှာရှိပြီး လောလောဆယ် သတင်းအချက်အလက်တွေကို ထုတ်ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။ ဒါပေမယ့် အစောပိုင်း စမ်းသပ်မှုတွေရဲ့ ရလာဒ်တွေအရ လေသန့်မျှော်စင်ဟာ လေထု အရည်အသွေး တိုးမြှင့်ရာမှာ အပြုသဘော သက်ရောက်မှုတွေ ရထားတယ်လို့ တရုတ်အစိုးရ ရုပ်သံ စီစီတီဗွီက အစီရင်ခံထားပါတယ်။
3 years Ago
Up