လုပ်ငန်းခွင်(ဓာတ်ပုံ)

September 15, 2017

မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့လက်ပံတောင်း ကြေးနီစီမံကိန်းလုပ်ငန်းခွင်(ဓာတ်ပုံ)

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းလုပ်ငန်းခွင်ကို မြင်တွေ့ရပါတယ်။ ဒီကြေးနီစီမံကိန်းမှ ၂၀၁၆ မေလကနေ ၂၀၁၇ ဇန်န၀ါရီထိ ၈ လအတွင်း နိုင်ငံတော် အတွက် အကျိုးအမြတ် ကန်ဒေါ်လာ သန်း၂၀လောက် ရရှိတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်မှာ ပြောထားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီထုတ်လှုပ်မှုအပေါ် နိုင်ငံတော်က ၅၁ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီက ၄၉ရာခိုင်နှုန်း ခွဲဝေယူတာလည်း ဖြစ်ပါတယ်။   ဓာတ်ပုံ- ရဲဝင့်သူ
4 years Ago
Up