လုခ်ရှော

December 25, 2018

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ဖြစ်နိုင်သေးသည်ဟု မန်ယူနောက်ခံလူ လုခ်ရှော ပြော

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်သေးတယ်လို့ မန်ယူနောက်ခံလူ လုခ်ရှောက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အပြီးမှာ ၈ ပွဲနိုင် ၅ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့ ၂၉ မှတ် ရရှိထားတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်လေးနေရာက ချဲလ်ဆီးနဲ့ ၈ မှတ်ကွာဟနေပေမယ့် အဲဒီနေရာကို ရယူဖို့ ဖြစ်နိုင်သေးတယ်လို့ လုခ်ရှောက ပြောလိုက်တာပါ။ မိမိတို့အသင်းအနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ ကစားမယ်ဆိုရင် ထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်ပြီး ကစားချင်တယ်လို့ လုခ်ရှောက ပြောပါတယ်။ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပတ်သက်ပြီးလည်း သူဟာ အသင်းက မရခဲ့ဘူးတဲ့ ယူရိုပါလိဂ်ဖလားကို ရယူပေးခဲ့သူဖြစ်ပြီး လေးစားမှုရှိကြဖို့လည်း လုခ်ရှောက ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာတော့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေပါတယ်။
2 years Ago

October 19, 2018

မန်ယူနောက်ခံလူ လုခ်ရှော ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

မန်ယူနောက်ခံလူ လုခ်ရှောဟာ အောက်တိုဘာ ၁၈ ရက်နေ့က အသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလို ခြေစွမ်းနဲ့ဆိုရင် စာချုပ်သက်တမ်းတိုးဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ လုခ်ရှောက စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့လို့ အခုလို ပုံမှန်ပွဲထွက်ခွင့် ရတာလာဖြစ်သလို စာချုပ်သက်တမ်းတိုးဖို့ ဖြစ်လာတာလို့ လုခ်ရှောက ပြောပါတယ်။ လုခ်ရှောအနေနဲ့ စာချုပ်သစ်အရ တပတ် ပေါင်တသိန်းခွဲ ရရှိမှာဖြစ်ပြီး အသင်းမှာ ဆက်ကစားခွင့်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်ရှိ ဘယ်နောက်ခံလူ လုခ်ရှောဟာ အခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ၉ ပွဲကစားပြီး ၁ ဂိုး သွင်းယူပေးထားပါတယ်။
2 years Ago
More News
Up