လီမြောင်ဘက်

May 24, 2018

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘက် တရားရုံးတွင် စစ်ဆေးခံ

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘက်ဟာ အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဆိုးလ်မြို့ ဗဟိုတရားရုံးမှာ မေလ ၂၃ ရက်နေ့က ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခံခဲ့ပါတယ်။ သမ္မတဟောင်း လီဟာ သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ်က လာဘ်ငွေလက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကြောင့် လာဘ်စားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။ လီဟာ ပြစ်မှု ၁၆ မှုနဲ့ စွပ်စွဲခံထားရပြီး အဲဒီထဲမှာ တဦးချင်းစီနဲ့ ဌာနတွေက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၈ သန်း တရားမဝင် ရယူခဲ့တဲ့ စွပ်စွဲချက်လည်း ပါဝင်ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ လီမြောင်ဘက်ကတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ တိုက်ခိုက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
4 years Ago
Up