လီဝမ်းဒေါ့စကီး

February 27, 2020

ဒဏ်ရကြောင့် ချန်ပီယံလိဂ် ဒုတိယအကျော့ တိုက်စစ်မှူး လီဝမ်းဒေါ့စကီး  လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝမ်းဒေါ့စကီးဟာ ဒဏ်ရာကြောင့် တလလောက် ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ခြေထောက် ဒဏ်ရာရခဲ့တာပါ။  ဒီဒဏ်ရာကြောင့် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။  တိုက်စစ်မှူး လီဝမ်းဒေါ့စကီးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ကစားပေးထားတဲ့ ၃၃ ပွဲမှာ ၃၉ ဂိုး သွင်းယူပေးထားပါတယ်။ 
1 year Ago
Up