လီယွန်အသင်း

A d v e r t i s e m e n t With Us

March 27, 2020

စပါးကွင်းလယ်လူ ဒွန်ဘီလီကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား

ဘာစီလိုနာအသင်းဟာ စပါးကွင်းလယ်လူ ဒွန်ဘီလီကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  စပိန်သတင်းစာတွေရဲ့အဆိုအရ လန်ဒန်မှာ အဆင်မပြေဖြစ်နေတဲ့ ပြင်သစ်သား ဒွန်ဘီလီကို ဘာစီလိုနာအသင်းက ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။  အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့နှစ်ကမှ လီယွန်အသင်းကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။  စပါးအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြဿနာတွေလည်း ရှိနေတာကြောင့် နည်းပြမော်ရင်ဟိုကိုယ်တိုင်က အန်ဒွန်ဘီလီကို ဝေဖန်မှုတွေရှိခဲ့တာပါ။  ဘာစီလိုနာအသင်းဟာ ဗီဒယ်၊ ရာကီတစ်နဲ့ ဘူးစကွက်တို့ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ၂၃ နှစ်အရွယ် အန်ဒွန်ဘီလီကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
11 months Ago
Up