လီယိုနာဒိုဒီကာပရီယို

May 24, 2019

လီယိုနာဒို ဒီကာပရီယို ကိုယ်တိုင်ထုတ်လုပ်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မှတ်တမ်းရုပ်ရှင် ပြသ (ရုပ်သံ)

ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ သူကိုယ်တိုင်ထုတ်လုပ်တဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မှတ်တမ်းရုပ်ရှင်တခုကို မေလ ၂၂ ရက်နေ့က ကိန်းရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသခဲ့ပါတယ်။ "Ice on Fire" လို့ အမည်ရတဲ့ အဲဒီ ရုပ်သံမှတ်တမ်းကို လီယိုနာဒို ကိုယ်တိုင် ထုတ်လုပ်ပြီး နောက်ခံစကား ပြောပေးထားပါတယ်။ အဲဒီ ရုပ်သံမှတ်တမ်းဟာ ကာဗွန်ဓာတ်ငွေ့ လျှော့ချပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး အဖြေရှာဖို့ ရိုက်ကူးပုံဖော်ထားတာပါ။ ရာသီဥတု ပြောင်းလဲမှုကို ပြန်လည်ကောင်းမွန်အောင်လုပ်ရေး လူသားတွေမှာ စွမ်းရည်ရှိတယ်ဆိုတာ ပြသဖို့ ဒီရုပ်ရှင်က ရည်ရွယ်တယ်လို့ "Ice on Fire" ကို ရိုက်ကူးတဲ့ ဒါရိုက်တာ လဲလာကော်နာက ပြောပါတယ်။ လီယိုနာဒိုနဲ့ ကော်နာတို့ ပူးပေါင်းပြီး ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အသားပေး ရိုက်ကူးထားတဲ့ "The 11th Hour" မှတ်တမ်းရုပ်ရှင်ကိုလည်း ၂၀၀၇ ခုနှစ်က ထုတ်လုပ်ခဲ့ပါသေးတယ်။ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ လီယိုနာဒိုဟာ ၁၉၉၈ ခုနှစ်က လီယိုနာဒို ဒီကာပရီယို ဖောင်ဒေးရှင်းကို တည်ထောင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ပညာပေး လှုပ်ရှားခဲ့ပါတယ်။
3 years Ago
Up