လီမား

January 8, 2018

အာဆင်နယ်ကို ငြင်းဆန်ပြီး လီဗာပူးကို ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည့် လီမား

မိုနာကိုအသင်းရဲ့ ပြင်​သစ်​​တောင်​ပံကစားသမား ​သောမက်​စ်​လီမားဟာ အာဆင်​နယ်​အသင်းရဲ့ အပြင်းအထန်​ စိတ်​ဝင်​စား​နေမှုကို ငြင်းဆန်​ပြီး လီဗာပူးအသင်းကိုသာ ​ပြောင်း​ရွှေ့ဖို့ ဆန္ဒရှိ​နေခဲ့တယ်​လို့ သိရပါတယ်​။ လီမားအတွက်​ ​ပြောင်း​​ရွှေ့​ကြေးကို ​ပေါင်​သန်း ၉၀ သတ်​မှတ်​ထားပြီး​ လီဗာပူးနည်းပြ ဂျာဂင်က​လောပ့်ကလည်း ကာလရှည်​ကြာ စိတ်​ဝင်​စား​နေခဲ့တာပါ။ ဒါ့အပြင်​ ဘာစီလိုနာအသင်းကို​ ကော်​တင်​ဟို​ ပြောင်း​ရွှေ့သွားခဲ့တာ​ကြောင့် လီမားနဲ့ အရန်သင့် အစားထိုးဖို့ ပြင်​ဆင်​​နေတာ ဖြစ်​ပါတယ်​။ အာဆင်​နယ်​အသင်းက​တော့ အနာဂတ်​မ​သေချာတဲ့ ဆန်းချက်​ဇ်​​နေရာမှာ အစားထိုးဖို့ လီမားကို​ ခေါ်ယူလို​နေတာဖြစ်​​ပေမယ့် ကာယကံရှင်​ရဲ့ဆန္ဒ​ကြောင့် လီဗာပူးအသင်းကိုသာ ​ရောက်​ရှိသွားဖို့ ရှိ​နေပါတယ်။
3 years Ago
Up