လီဗြောင်ဟွန်

A d v e r t i s e m e n t With Us

January 6, 2020

ကိုရီးယားစတား မင်းသား လီဗြောင်ဟွန်းပါဝင်သည့် အက်ရှင်ဒရာမာရုပ်ရှင်-Ashfall(နမူနာ)

ကိုရီးယားစတား မင်းသား လီဗြောင်ဟွန်းပါဝင်သည့် အက်ရှင်ဒရာမာရုပ်ရှင်-Ashfall ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။  အက်ရှင်ဒရာမာ အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Lee Hae-jun က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး CJ Entertainment က တင်ဆက်လိုက်တာပါ။ ကိုရီးယားနိုင်ငံ၊ Baekdu တောင်ပေါ်မှာ မီးတောင်တလုံး ရုတ်တရက်ပေါက်ကွဲ သွားခဲ့ပါတယ်။ ဒါက တကယ့်ဖြစ်ရပ်မှန်တခုဖြစ်ပြီး အဲဒီမီးတောင်ဟာ ၁၉၀၃ ခုနှစ်တုန်းက နောက်ဆုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ခုရုပ်ရှင်ထဲမှာတော့  အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် ကိုရီးယားကျွန်းဆွယ်တခုလုံးအတွက် အန္တရာယ်ကျရောက်တော့မယ့်ဆဲဆဲအချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီသဘာဝဘေးအန္တရာယ်တွေကြားက လွတ်မြောက်နိုင်ဖို့ တောင်နဲ့မြောက်ကိုရီးယား ပူးပေါင်းမှု စွန့်စားခန်းတွေကို ဒီကားထဲမှာ ပရိသတ်တွေက အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ကိုရီးယားနာမည်ကြီး မင်းသား၊ ဟောလိဝုဒ်ထိ ခြေဆန့်နိုင်နေပြီဖြစ်တဲ့ သဘာဝမင်းသားတလက်ဖြစ်တဲ့ မင်းသား Lee Byung-Hun နဲ့ မင်းသား  Ha Jung-woo ၊ ခုနောက်ပိုင်း အနုအကြမ်း ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကြား ထင်ရှားတဲ့ သရုပ်ဆောင်မင်းသား Ma Dong- Seok တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး Bae Suzy နဲ့ Jeon Hye-jin တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.9 အထိ ရရှိထားခဲ့တဲ့ ဇာတ်ကား ကောင်းတကားဖြစ်ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၇ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ နှစ်ကုန်သီတင်းပတ်ရဲ့ Box Office ရုံတင်ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တယ်လို့ Yonhap သတင်းအေဂျင်စီက ဆိုပါတယ်။ ကြာမြင့်ချိန် ၁၂၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up