လီဗာပူး - ရိုးမား

April 14, 2018

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရီးရဲလ်-ဘိုင်ယန်၊ လီဗာပူး-ရိုးမားတို့ တွေ့ဆုံ

ချန်ပီယံလိဂ်အတွက် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ လက်ရှိ ချန်ပီယံ နာမည်ကြီး ရီးရဲလ်မက်ဒရစ်က ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးကို ခြေစွမ်းပြ ဖြတ်ကျော်လာတဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကတော့ အီတလီကလပ် ရိုးမားနဲ့ ရင်ဆိုင်ရမှာပါ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နှစ်ကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပထမအကျော့ကို ဧပြီ ၂၄ နဲ့ ဒုတိယအကျော့ကို မေ ၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံ ကိရတ်မှာ မေ ၂၆ ရက် ကစားဖို့ သတ်မှတ်ထားပါတယ်။ တဆက်တည်းမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ အာဆင်နယ်က အက်သလက်တီကို မက်ဒရစ်၊ ပြင်သစ်ကလပ် မာဆေးက သြစတြီးယားကလပ် ရက်ဘူး ဆောဘတ်ခ်နဲ့ ဆုံရမှာပါ။ ယူရိုပါလိဂ် ဆီမီး ပထမအကျော့ပွဲစဉ်ကို ဧပြီ ၂၆၊ ဒုတိယအကျော့ ပွဲစဉ်ကို မေ ၃ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ ပြင်သစ်နိုင်ငံ လိုင်ယွန်မှာ မေ ၁၆ ရက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up