လီဗာပူး (ရုပ်သံဟိုက်လိုက်)

September 24, 2017

မန်စီးတီး ၅-၀ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာ ၂-၃ လီဗာပူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နာမည်ကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ နိုင်ပွဲကိုယ်စီ ရသွားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ကစားသမားတွေဖြစ်တဲ့ ဆာနေ၊ စတာလင်၊ အက်ဂူရိုနဲ့ ဒဲလ်တို့က အသီးသီး သွင်းယူပါတယ်။ ခရစ္စတယ် ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၆ ပွဲစလုံး ရှုံးတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲမှာ မန်စီးတီးကပဲ တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ နိုင်ပွဲဆက်တဲ့ မန်စီးတီးက ၁၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ လီဗာပူးကတော့ အဝေးကွင်းမှာ လက်စတာကို ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဆာလက်၊ ကော်တင်ဟိုနဲ့ ဟန်ဒါဆန်တို့က သွင်းယူပါတယ်။ ဒီပွဲမှာ လီဗာပူး ကွင်းလယ်သမား ကော်တင်ဟို ဒီရာသီအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လက်စတာအတွက် ချေပဂိုးတွေကို တိုက်စစ်မှူး အိုကာဇာကီနဲ့ ဗာဒီတို့က သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၁၁ မှတ်နဲ့ အဆင့် ၅၊ လက်စတာက ၄ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up