လီဗာပူး ၄ - ၁ စတုတ်

April 11, 2016

လီဗာပူး ၄ - ၁ စတုတ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ စတုတ်စီးတီးတို့ ဧပြီ ၁၀ ရက်ညက ယှဉ်ပြိုင်ကစားရာ လီဗာပူးက အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်မှာ လီဗာပူးအသင်းက အနည်းငယ် အသာရခဲ့သလို ရတဲ့အခွင့်အရေးကို အပိုင်အသုံးချပြီး အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးအတွက် ပထမပိုင်း ၈ မိနစ်မှာ မိုရီနိုက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၂၂ မိနစ်မှာ စတုတ်စီးတီး တိုက်စစ်မှူး ဘိုဂျန်ကာကစ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာ လီဗာပူး တိုက်စစ်မှူး စတာရစ်ခ်ျက ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ လီဗာပူးတို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။ လီဗာပူးအတွက် အနိုင်သေချာစေမယ့် ဂိုးတွေကို ပွဲချိန် မိနစ် ၅၀ နဲ့ ၆၅ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး အော်ရီဂီက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ လီဗာပူးက စတုတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲအနိုင်ရတဲ့ လီဗာပူးက ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပြီး စတုတ်စီးတီးက လီဗာပူးထက် ၂ ပွဲပိုကစား၊ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up