စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ နာမည်ကြီး အသင်းတွေထဲက လီဗာပူးနိုင်ပြီး အာဆင်နယ် ရှုံးသွားပါတယ်။
ဒီပွဲမှာ လီဗာပူးက အိမ်ရှင်ဖြစ်တာနဲ့အညီ ခရစ္စတယ်ပဲလေ့စ်ကို တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုများခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၇၃ မိနစ်ကျမှ တိုက်စစ်မှူး မာနေးက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက အနိုင် ၃ မှတ် ရသွားပါတယ်။
အာဆင်နယ်ကတော့ အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို တဂိုးတည်းနဲ့ ကပ်ပြီး အရေးနိမ့်သွားပါတယ်။ စတုတ်အတွက် အနိုင်ဂိုးကို ၄၇ မိနစ် ဂျက်ဆေးက သွင်းယူပါတယ်။
အာဆင်နယ်က ကွင်းလယ်မှာ ထိမ်းချုပ် ကစားနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းမှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ စတုတ်စီးတီးအသင်းက ၃ မှတ် ရသွားပြီး အဆင့် ၁၃ မှာ ရပ်တည်နေပြီး အာဆင်နယ်က အဆင့် ၁၁ မှာ ရှိနေပါတယ်။
5 years Ago