လီဗာပူး - နော်ဝစ်ခ်ျ

January 24, 2016

လီဗာပူး ၅ - ၄ နော်ဝစ်ခ်ျ (ရုပ်သံဟိုက်လိုက်)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် အစောဆုံး ပွဲစဉ်မှာ ဂိုးတွေ အပြန်အလှန်သွင်းပြီး လီဗာပူးက နော်ဝစ်ခ်ျကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ လီဗာပူးက အဝေးကွင်းမှာ ဖာမီနို အဖွင့်ဂိုး သွင်းယူနိုင်ပေမယ့် နောဝစ်ခ်ျက ပထမပိုင်းမှာပဲ ၂ ဂိုးပြန်သွင်းပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အပြန်အလှန်နဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပြီး နော်ဝစ်ခ်ျအသင်းက ခြေရည်တူ ကစားနိုင်ခဲ့ပါတယ်။ တတိယဂိုးကို ၅၄ မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပါတယ်။ လီဗာပူးအတွက် ဒုတိယနဲ့ တတိယ ချေပဂိုးတွေကို ဟန်ဒါဆန်နဲ့ ဖာမီနိုက သွင်းယူပါတယ်။ လီဗာပူးက ဒီပွဲမှာ ဘောလုံးကိုင် ကစားနိုင်ပေမယ့် နော်ဝ်ခ်ျက တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ၄ ဂိုးမြောက်ဂိုးကို ၇၅ မိနစ်မှာ တဖက်နောက်တန်းရဲ့ အမှားကနေ မေလ်နာက သွင်းယူပါတယ်။ အနိုင်ရလဒ်နဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း မိနစ် ၉၀ မှာ နော်ဝစ်ခ်ျအတွက် ချေပဂိုးကို ဘာဆောင်းက သွင်းယူပါတယ်။ တမိနစ်အတွင်းမှာပဲ လီဗာပူးအတွက် အနိုင်ဂိုးကို လာလာနာက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၃၄ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး နော်ဝစ်ခ်ျက ၂၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
7 years Ago
Up