လီဗာပူး-အာဆင်နယ်

September 26, 2019

ကရာဘောင်းဖလားတွင် ချဲလ်ဆီး-မန်ယူ၊ လီဗာပူး-အာဆင်နယ် ထိပ်တိုက်တွေ့ဆုံ

အင်္ဂလန်ဘောလုံးလိဂ်ဖလားဖြစ်တဲ့ ကရာဘောင်းဖလား ၁၆ သင်းအဆင့်ပွဲတွေ မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့မန်ယူ၊ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  မန်ယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ကလည်း လီဗာပူးအသင်းရဲ့ အမ်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး အဲဗာတန်နဲ့ ၀က်ဖို့ဒ်၊ ဘာတန်နဲ့လက်စတာ၊ အောက်စ်ဖို့ဒ်နဲ့ဆန်းဒါးလန်း၊ ခရော်လေတောင်းနဲ့ ကိုချက်စတာ၊ အက်စတွန်ဗီလာနဲ့ ဝုဗ်ဗာဟမ်တန်တို့ တွေ့ဆုံခဲ့ပါတယ်။ ကရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို အောက်တိုဘာ ၃၀ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။  လက်ရှိချန်ပီယံ မန်စီးတီးအသင်းအတွက်တော့ ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံရမှာဖြစ်လို့ တခြားပြိုင်ဘက်အသင်းကြီးတွေထက် ဆီမီးဖိုင်နယ်တက်ဖို့ ပိုမိုအလေးသာ သွားခဲ့တာ ဖြစ်ပါတယ်။ ================= ကရာေဘာင္းဖလားတြင္ ခ်ဲလ္ဆီး-မန္ယူ၊ လီဗာပူး-အာဆင္နယ္ ထိပ္တိုက္ေတြ႕ဆုံ DVB အဂၤလန္ေဘာလုံးလိဂ္ဖလားျဖစ္တဲ့ ကရာေဘာင္းဖလား ၁၆ သင္းအဆင့္ပြဲေတြ မဲခြဲဆုံးျဖတ္ခဲ့ရာမွာေတာ့ ထိပ္တန္းအသင္းႀကီးေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔မန္ယူ၊ လီဗာပူးနဲ႔ အာဆင္နယ္အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ မန္ယူႏိုက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီး အာဆင္နယ္ကလည္း လီဗာပူးအသင္းရဲ႕ အမ္ဖီးလ္မွာ သြားေရာက္ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ တျခားပြဲစဥ္ေတြမွာေတာ့ မန္စီးတီးအသင္းက ေဆာက္သမ္တန္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားသြားရမွာျဖစ္ၿပီး အဲဗာတန္နဲ႔ ၀က္ဖို႔ဒ္၊ ဘာတန္နဲ႔လက္စတာ၊ ေအာက္စ္ဖို႔ဒ္နဲ႔ဆန္းဒါးလန္း၊ ခေရာ္ေလေတာင္းနဲ႔ ကိုခ်က္စတာ၊ အက္စတြန္ဗီလာနဲ႔ ဝုဗ္ဗာဟမ္တန္တို႔ ေတြ႕ဆုံခဲ့ပါတယ္။ ကရာေဘာင္းဖလား စတုတၳအဆင့္ပြဲစဥ္ေတြကို ေအာက္တိုဘာ ၃၀ မွာ ယွဥ္ၿပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းအတြက္ေတာ့ ေဆာက္သမ္တန္အသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံရမွာျဖစ္လို႔ တျခားၿပိဳင္ဘက္အသင္းႀကီးေတြထက္ ဆီမီးဖိုင္နယ္တက္ဖို႔ ပိုမိုအေလးသာ သြားခဲ့တာ ျဖစ္ပါတယ္။
2 years Ago
Up