လီဗာပူး ယူ-၁၈ အသင်းနည်းပြအဖြစ် စတီဖင်ဂျရတ်ကို ခန့်အပ်

April 28, 2017

လီဗာပူး ယူ-၁၈ အသင်းနည်းပြအဖြစ် စတီဖင်ဂျရတ်ကို ခန့်အပ်

အသင်းခေါင်းဆောင်ဟောင်း စတီဖင်ဂျရတ်ကို ယူ-၁၈ အသင်းနည်းပြအဖြစ် လီဗာပူးအသင်းက ခန့်အပ်လိုက်ပါတယ်။ ဂျရတ်အနေနဲ့ ယူ-၂၃ နည်းပြဖြစ်သွားတဲ့ နေးလ်ခရစ်လေရဲ့ နေရာမှာ အစာထိုး တာဝန်ယူမှာဖြစ်ပြီး လာမယ့်ရာသီ စတင်ကိုင်တွယ်မှာပါ။ အသက် ၃၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျရတ်ဟာ ဒီရာသီအကုန်မှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အသိအမှတ်ပြု အေအဆင့် နည်းပြလိုင်စင်လည်း ရရှိမှာ ဖြစ်ပါတယ်။ လီဗာပူး လူငယ်ကစားသမားတွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာဖို့ လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့ ဂျရတ်ကဆိုပါတယ်။ သူ့ရဲ့ကစားသမားဘ၀ဟာလည်း ဒီလိုလူငယ် အသင်းတွေကနေ အသင်းကြီးကိုရောက် လာတာဖြစ်ပြီး လူငယ်ကစားသမားတွေကို အသင်းကြီးမှာ နေရာရဖို့အတွက် ကူညီသွားမယ်လို့လည်း ဂျရတ် ကဆက်ပြောပါတယ်။ လီဗာပူးအသင်းမှာ ယူ၁ ၀ ကနေယူ ၂၃ အထိ သက်တမ်းအလိုက် လူငယ်အသင်း ၆ သင်း ရှိပြီး တခြား အသင်းတွေက နည်းပြတွေကနေလည်း လေ့လာသင်ယူသွားမယ်လို့ ဂျရတ်က ဆိုပါတယ်။
4 years Ago
Up