ဖေဖော်ဝါရီ ၆ ရက် အင်္ဂလန် ပရီးမီးယားလိဂ် ဆန်းဒါးလန်းနဲ့ အန်ဖီးလ်မှာ ကစားမယ့်ပွဲမှာ လီဗာပူး ပရိသတ်တွေ လမ်းပေါ်ထွက် ဆန္ဒပြမှာ ဖြစ်ပါတယ်။
ပင်မ ပွဲကြည့်စင်က လက်မှတ်ဈေး ပေါင် ၇၇ ပေါင် တက်တဲ့အတွက် လီဗာပူးအားပေးတဲ့ Spion Kop 1906 အဖွဲ့က ပရိသတ်တွေကို ပွဲချိန် ၇၇ မိနစ်မှာ ကြည့်ရှုတဲ့နေရာကနေ ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။
လာမယ့် ရာသီသစ်မှာ ၅၉ ပေါင် လက်မှတ်ဈေးကို ၇၇ ပေါင်အထိ မြင့်တက်ဖို့ ကလပ်အသင်းက ကြေညာထားပါတယ်။
ပိုင်ရှင်ဆီကနေ တစုံတရာ ရှင်းလင်းပြောကြားခြင်းမရှိတာကို စိတ်ဆိုး ဒေါသထွက်မိတယ်လို့လည်း လီဗာပူး ပရိသတ်အဖွဲ့က ဆိုပါတယ်။
ပရိသတ်တွေ အားပေးထောက်ခံတာကို ထိန်းသိမ်းဖို့ လက်မှတ်ဈေးနှုန်းတွေကို လျော့ချသင့်တယ်လို့ ထုတ်ပြန်ပါတယ်။
5 years Ago