ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနဲ့ လွဲချော်ခဲ့ရလို့ စိတ်ပျက်ခဲ့ရတယ်လို့ လီဗာပူး နောက်ခံလူ ဗန်ဒိုက် ဝန်ခံ ပြောလိုက်ပါတယ်။
နောက်ခံလူ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့သလို ဥရောပချန်ပီယံလိဂ်မှာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးဆုနဲ့ လွဲချော်ခဲ့တာပါ။
ဘလွန်းဒီအောဆုကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က အကြီးမားဆုံး စံပြကစားသမား ဖြစ်မယ်လို့ တွေးခဲ့ပေမယ့်လည်း ဆုမရခဲ့လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်လို့ ဗန်ဒိုက်က ပြန်လည်ပြောပြခဲ့တာပါ။
ဆုရသွားတဲ့ လီယွန်နယ်မက်ဆီက အင်္ဂလိပ်စကား သိပ်မပြောလို့ ဆုပေးပွဲတုန်းက စကား အများကြီး မပြောဖြစ်ခဲ့ပေမယ့် မိမိတို့ကြားမှာ လေးစားမှု ရှိနေတာတော့ သိရှိခဲ့တယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
ဗန်ဒိုက်ဟာ ဥရောပ အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့ပေမယ့်လည်း ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဆု၊ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်ဒီအောဆုတွေမှာတော့ ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
1 year Ago