လီဗာပူး ဂန္ထ၀င်ကစားသမား

April 13, 2019

အန်​ဖီးလ်​ရဲ့သံမဏိ လီဗာပူး ဂန္ထ၀င်ကစားသမား တော်မီစမစ် ကွယ်လွန်

လီဗာပူးတိုက်​စစ်​မှူး​ဟောင်း ဂန္ထ၀င်ကစားသမား ​တော်​မီစမစ်​ဟာ မ​နေ့က အသက်​ ၇၄ နှစ်​အရွယ်​မှာ ကွယ်​လွန်​သွားခဲ့ပါတယ်။ စမစ်​ဟာ လီဗာပူးအသင်း အတွက်​  ၁၉၆၀ ကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ၁၈နှစ်​ကြာ ကစား​ပေးခဲ့သူဖြစ်ပါတယ်​။ သူဟာ လီဗာပူးနဲ့အတူ အမှတ်​​ပေးဖလား ၄ ကြိမ်​နဲ့ဥ​ရောပဖလား ၁ကြိမ်​ရရှိခဲ့ဖူးပါတယ်​။ လီဗာပူးအသင်း ဥ​ရောပဖလားကို ပထမဆုံးရရှိခဲ့တဲ့ ၁၉၇၇ ခုနှစ်​မှာ စမစ်​ဟာ ဖိုင်​နယ်​ပွဲတလျောက်​ ​ခြေစွမ်းပြပြီး အနိုင်​ဂိုးသွင်းယူ​ပေးခဲ့သူလည်း ဖြစ်​ပါတယ်​။ အသင်းအတွက်​ ၆၃၈ ပွဲထိကစား​ပေးပြီး ၁၉၇၈ခုနှစ်​မှာ ​လော့စ်​အိန်​ဂျလိစ်​အက်​ဇ်​တက်​နဲ့ ဆွမ်​ဆီးအသင်းတို့ကို​ ပြောင်း​ရွှေ့ကစားခဲ့ပါတယ်​။ အန်​ဖီးလ်​ရဲ့သံမဏိလို့ နာမည်​​ပြောင်​​ပေးခံရတဲ့စမစ်​ကို အသင်းက ဝမ်းနည်း​ကြောင်း ​ရေးသားထုတ်​ပြန်​ခဲ့ကြပါတယ်​။ ဓာတ်ပုံ- Action Images /CNA
3 years Ago
Up