လီဗာပူး ကွင်းလယ်လူ လယ်လာနာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

October 3, 2016

လီဗာပူး ကွင်းလယ်လူ လယ်လာနာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

လီဗာပူးကွင်းလယ်ကစားသမား လယ်လာနာဟာ ဆွမ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်လာနာအနေနဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လွဲချော်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ယာယီနည်းပြ ဆောက်ဂိတ်အနေနဲ့ လယ်လာနာ ဒဏ်ရာရသွားတဲ့အတွက် သူ့ရဲ့နေရာမှာ အဲဗာတန်ကွင်းလယ်လူ ဘာကလေကို ပြန်ရွေးသွားဖို့ ရှိနေပါတယ်။ အသက် ၂၈ နှစ်ရှိ လယ်လာနာဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနေတဲ့ ကစာသမားဖြစ်ပြီး လီဗာပူးအသင်းအတွက် ၃ ဂိုး သွင်းယူထားသလို အင်္ဂလန်က ဆလိုဗက်ကီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲမှာလည်း ၁ လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
5 years Ago
Up