လီဗာပူးနှင့်ပွဲ

December 9, 2017

လီဗာပူးနှင့်ပွဲ ဂိုးသွင်းယူပြီး အနိုင်ရရန် ရွန်နီမျှော်လင့်

အဲဗာတန်အသင်းရဲ့ အသင်းခေါင်းဆောင် ဝိန်းရူနီက အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာပြီးနောက် လီဗာပူးအသင်းနဲ့ ဒါဘီပွဲစဉ်မှာ ဂိုသွင်းယူနိုင်ပြီး အနိုင်ရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် သူသွင်းယူချင်တဲ့ ဂိုးက ဒါဘီပွဲစဉ်မှာ သွင်းယူလိုတဲ့ ဂိုးမဟုတ်ပဲ အဲဗာတန်အသင်းအတွက် လီဗာပူးကို သွင်းယူတဲ့ဂိုး ဖြစ်ချင်တယ်လို့ ရူနီက ပြောပါတယ်။ ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြ အာလာဒိုက်စ်ကတော့ အဲဗာတန်အသင်းအနေနဲ့ အသင်းလိုက်ကစားရမှာ ဖြစ်ပေမယ့် ရူနီကိုတော့ အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မျှော်လင့်ထားပါတယ်။ ဒါအပြင် ရူနီအနေနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာတုန်းက ခြေစွမ်းအတိုင်း ကစားနိုင်ဖို့ အာလာဒိုက်စ်က မျှော်လင့်နေပါတယ်။ မာဆေးလ်ဆိုဒ်ဒါဘီရဲ့ ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူးအသင်းက ၉၁ ပွဲအနိုင်ရပြီး အဲဗာတန်အသင်းက ၆၆ ပွဲ အနိုင်ရရှိထားသလို ၇၁ ပွဲ သရေကျထားခဲ့ပါတယ်။
3 years Ago
Up