လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီး လိုအပ်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
အဲဒီပွဲမှာ ဇာတ်ပွဲတခုကို လာကြည့်တဲ့ပုံစံမျိုး မဟုတ်ဘဲ ကစားသမားတွေအတွက် အားအင်ဖြစ်စေအောင် ကျယ်လောင်စွာ အားပေးကြဖို့ လိုတယ်လို့ မော်ရင်ဟိုက ပြောလိုက်တာပါ။
လီဗာပူးနဲ့ပွဲဟာ ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါ။ ပရိသတ်တိုင်း၊ နည်းပြတိုင်းနဲ့ ကစားသမားတိုင်းကလည်း ဒီလိုပွဲကြီးပွဲကောင်းကို နှစ်ခြိုက်ကြပါလိမ့်မယ်။ အသင်းပရိသတ်တွေရဲ့ အားပေးမှုက ကစားသမားတွေကို တွန်းအားပေးနိုင်ပြီး အသင်းနဲ့အတူ ရပ်တည်ပေးဖို့အတွက် လာရောက်အားပေးကြဖို့ မော်ရင်ဟိုက တောင်းဆိုလိုက်တာပါ။
အင်္ဂလန်ဒါဘီလို့ တင်စားကြတဲ့ မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် နိုင်ပွဲရဖို့ အရေးပါနေပါတယ်။
6 years Ago