လီဗာပူးနှင့် ချဲလ်ဆီး တဂိုးစီသရေကျ

February 1, 2017

လီဗာပူးနှင့် ချဲလ်ဆီး တဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၃၁ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးနဲ့ ချဲလ်ဆီးတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်း ကစားပုံ ပိုကောင်းလာပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ၂၄ မိနစ်မှာ ချဲလ်ဆီး နောက်ခံလူ ဒေးဗစ် လုစ်က သွင်းယူပါတယ်။ အိမ်ရှင် လီဗာပူးအတွက် ချေပဂိုးကို ၅၇ မိနစ်မှာ ဝီနယ်ဒယ်က သွင်းယူပါတယ်။ လီဗာပူးအသင်းက အာဖရိကဖလားကနေပြန်လာတဲ့ တိုက်စစ်မှူး မာနေးကို ၇၅ မိနစ်မှာ ထုတ်သုံးသွားပါတယ်။ ၇၇ မိနစ်လောက်မှာ ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာ ပင်နယ်တီရပေမယ့် မဝင်လို့ အနိုင်ရလဒ်နဲ့ လွဲချော်သွားတာပါ။ ဒီပွဲသရေကျလို့ ချဲလ်ဆီးက ၅၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး လီဗာပူးက ၄၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up