လီဗာပူးနောက်ခံလူ ဆာခိုကို ခရစ္စတယ်ပဲလေ့စ် အငှားဖြင့်ခေါ်

February 1, 2017

လီဗာပူးနောက်ခံလူ ဆာခိုကို ခရစ္စတယ်ပဲလေ့စ် အငှားဖြင့်ခေါ်

ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးနောက်တန်းကစားသမား ဆာခိုကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ပဲလေ့စ်အသင်းက အငှားစာချုပ်နဲ့ ပေါင် ၂ သန်း ပေးရမှာပါ။ နောက်ခံလူ ဆာခိုဟာ လီဗာပူးအသင်းအတွက် ပြီးခဲ့တဲ့ ဧပြီလကတည်းက ကစားခွင့် မရသေးပါဘူး။ အသက် ၂၆ နှစ်အရွယ် ဆာခိုဟာ ၂၀၁၃ မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကနေ လီဗာပူးကို ပြောင်းရွှေ့လာတာပါ။ ပဲလေ့စ်အသင်းဟာ ဆားဘီးယား ကွင်းလယ်လူဖြစ်တဲ့ လူကာ မီလီဘိုဂျက်ဗစ်ကိုလည်း အိုလံပီယာကို့စ်အသင်းကနေ ခေါ်ယူထားပါတယ်။
4 years Ago
Up