မိုဟာမက်ဆာလက်ဟာ လီဗာပူးအသင်းသားတွေရဲ့ ကစားအားကို မြှင့်တင်ပေးနိုင်တယ်လို့ အသင်းရဲ့ ကစားသမားဟောင်း ပီတာခရော့ခ်ျက ပြောကြားလိုက်ပါတယ်။
မိုဟာမက်ဆာလက်ဟာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရိုးမားအသင်းဘက် ကို ၂ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်း ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိဖို့အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာတော့ ၁၃ နှစ်အကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို တကျော့ပြန် မျှော်လင့်နိုင်မယ့် အခြေအနေမှာရှိနေပေမယ့် ဗိုလ်လုပွဲမှာ ဥရောပဘောလုံး အင်အားကြီး အသင်းတသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
မိုဟာမက်ဆာလက်ဟာ လက်ရှိအချိန်မှာ PFA တနှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားသလို ပြိုင်ပွဲစုံ သွင်းဂိုး ၄၃ ဂိုးထိ ရရှိထားပါတယ်။
လီဗာပူးအသင်းဟာ ဒီနေ့ညနေ ၆ နာရီ စတုတ်စီးတီးအသင်း၊ မေလ ၃ ရက်နေ့မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ရိုးမားအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။
3 years Ago