လီဗာပူးသမိုင်း အမြင့်ဆုံးလစာဖြင့် ကော်တင်ဟိုကို ၅ နှစ်သက်တမ်းတိုး

January 25, 2017

လီဗာပူးသမိုင်း အမြင့်ဆုံးလစာဖြင့် ကော်တင်ဟိုကို ၅ နှစ်သက်တမ်းတိုး

လီဗာပူးအသင်းက တိုက်စစ်မှူး ကော်တင်ဟိုကို ၅ နှစ်စာချုပ်နဲ့ သက်တမ်းထပ်တိုးလိုက်ပါတယ်။ လုပ်ခလစာ တပတ်ကို ပေါင် ၁ သိန်းခွဲပေးပြီး စာချုပ်လိုက်တာ ဖြစ်တဲ့အတွက် လီဗာပူးအသင်းရဲ့သမိုင်းမှာ အများဆုံးပေးရတဲ့ လစာလည်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ ၂၀၁၃ ခုနှစ်မှာ အင်တာမီလန်အသင်းကနေ ပေါင် ၈ သန်းခွဲနဲ့ လီဗာပူးကို ရောက်ရှိလာတာပါ။ ကော်တင်ဟိုဟာ လီဗာပူးအတွက် ကစားပေးထားတဲ့ ၁၆၃ ပွဲမှာ ၃၄ ဂိုး သွင်းယူထားပါတယ်။ သူ့ကို စပိန်ကလပ် ဘာစီလိုနာက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လာပြီး အသင်းအတွက် ကစားပေးနိုင်ခဲ့တာပါ။ သူဟာ ဒီနှစ်ရာသီမှာ လီဗာပူးအတွက် ၁၄ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူထားပါတယ်။
5 years Ago
Up