လီဗာပူးလ် - ဒေါ့မွန်

A d v e r t i s e m e n t With Us

April 15, 2016

လီဗာပူးလ်က ဒေါ့မွန်ကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ကြာသပတေးညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ လီဗာပူးလ်က ဒေါ့မွန်ကို ၄ ဂိုး ၃ ဂိုး နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ လီဗာပူးလ်အသင်းဟာ ဒေါ့မွန်ရဲ့ ထင်မထားတဲ့ တိုက်စစ်တွေကြောင့် ပွဲအစငါးမိနစ်မှာ မီခီတာရန်၊ ကိုးမိနစ်မှာ အော်ဘာမေရန်တို့ရဲ့ သွင်းဂိုးတွေနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ပွဲချိန် ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အော်ရီဂီက ခြေပဂိုး တစ်ဂိုး သွင်းယူပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာတော့ မာကိုရူးစ်က ဒေါ့မွန်အတွက် တတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လီဗာပူးလ်အသင်းဟာ နောက်တဆင့်တက်နိုင်ရေး ဖောင်ဖျက် ကစားသွားခဲ့ပြီး ၆၆ မိနစ်မှာ ကော်တင်ဟို ၇၇ မိနစ်မှာ ဆာခိုတို့က ခြေပဂိုးတွေ သွင်းယူပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ နောက်ခံလူ လိုဗရန်က အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့ပြီး လီဗာပူးလ်က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပထမအကျော့ ဒေါ့မွန်ကွင်းမှာ ယှဉ်ပြိုင်စဉ်က ၁ ဂိုးစီ သရေကျထားခဲ့တာကြောင့် လီဗာပူးလ်ဟာ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဆီမိုးဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့တဲ့အသင်းတွေကတော့ လီဗာပူးလ်၊ ဆီဗီးလား၊ ရှက်တာဒိုးနက်စ်နဲ့ ဗေလာရီးရဲလ်တို့ ဖြစ်ပါတယ်။
5 years Ago
Up