လီဗာပူးမန်နေဂျာ ယာဂင် ကလာ့ပ်ဟာ အသင်းကို အံ့အားသင့်လောက်အောင် ပြောင်းလဲစေခဲ့သူလို့ လီဗာပူးနောက်ခံလူ နသန်နီရယ်လ် ကလင်းက ချီးကျူး ပြောကြားလိုက်ပါတယ်။
လီဗာပူးဟာ အခုရာသီမှာ တိုက်စစ်မှူးစစ်စစ် အသုံးမပြုဘဲ High-Pressing အားပြု ကစားဟန်ကို ဖော်ဆောင်ကာ အောင်မြင်မှုတွေ ရရှိနေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးစာရင်းမှာ ပါဝင်နေပါတယ်။
လီဗာပူးအသင်းဟာ အောက်တိုဘာ ၁၈ ရက်နေ့မှာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အန်းဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
အသင်းသားတွေအနေနဲ့ ကိုယ်ဘာလုပ်နိုင်သလဲ ဆိုတာကို ပိုပြီးတော့ ယုံကြည်မှုရှိလာပြီး ဒါဟာ လူတယောက်ချင်းစီအပေါ် နည်းပြရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တာကြောင့်လို့ ကလင်းက ချီးမွမ်းပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၈ ကျရင် လီဗာပူးမှာ သူ့ရဲ့ အိမ်ကွင်းမှာ မန်ယူနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ၇ ပွဲ ကစား ၅ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲ အရှုံးနဲ့  ဇယားရဲ့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။
4 years Ago