လီဗာပူးနှင့် မန်ယူ

A d v e r t i s e m e n t With Us

May 30, 2020

လီဗာပူးနှင့် မန်ယူ လိဂ်ပွဲအတွက် လေ့ကျင့်ခန်းလုပ်

လီဗာပူးနဲ့မန်ယူအသင်းတွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို မေလ ၂၉ ရက်က ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။  ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ပြီးခဲ့တဲ့တစ်ပတ်လောက်ကအထိ ၅ ဦး တဖွဲ့ခွဲပြီး လေ့ကျင့်ခဲ့ ရပေမယ့် လက်ရှိအချိန်မှာတော့ ၁၀ ဦးတဖွဲ့ခွဲပြီး လေ့ကျင့်နိုင်ပြီဖြစ်သလို နီးနီးကပ်ကပ်လည်း လေ့ကျင့်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းက ပွဲစဉ် ၂၉ အပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။  လီဗာပူးအသင်းကတော့ ပွဲစဉ် ၂၉ အပြီးမှာ ရမှတ် ၈၂ မှတ်နဲ့ ဦးဆောင်နေတာပါ။ နောက်ထပ် ၂ ပွဲ ဆက်အနိုင်ရမယ်ဆိုရင် ချန်ပီယံ ဆုဖလားရဖို့ သေချာသွားမှာ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့် ဇွန် ၁၇ ရက် ပြန်လည်ကျင်းပမှာဖြစ်ပြီး အစောပိုင်းကတည်းက စီစဉ်ထားသလို ပရိသတ်မပါစေဘဲ ကွင်းပိတ်ကစားရမှာပါ။  ပထမဆုံးပြန်လည်ကစားရမယ့်ပွဲစဉ် ၂ ပွဲက အက်စ်တွန်ဗီလာနဲ့ ရှက်ဖီး၊ မန်စီးတီးနဲ့ အာဆင်နယ်ပွဲစဉ်တွေဖြစ်ပြီး ဇွန်လ ၁၈ ရက်နက် ၁ နာရီခွဲ တပြိုင်တည်း ကစားမှာဖြစ်ပါတယ်
9 months Ago
Up