လီဗာပူးနည်းပြဟောင်း ရော်ဂျာကို ဆဲလ်တစ်နည်းပြခန့်

A d v e r t i s e m e n t With Us

May 21, 2016

လီဗာပူးနည်းပြဟောင်း ရော်ဂျာကို ဆဲလ်တစ်နည်းပြခန့်

အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကို စကော့တလန် ပရီးမီးယားလိဂ် ဆဲလ်တစ် အသင်းက နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ လီဗာပူးကို ၃ နှစ်ကြာ တာဝန်ယူခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ရော်ဂျာကို ၁၂ လ စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ရှိသမျှအားလုံးပေးအပ်သွားမှာ ဖြစ်ပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှား ဖြေဖျော်မှုနဲ့ အနိုင်ကို ဖန်တီးပေးမယ်လို့ ရော်ဂျာက ပြောပါတယ်။ ဒီအတွက် လာမယ့်ဘောလုံးရာသီမှာ အရင်က ၀က်ဖို့ဒ်မှာ အတူတွဲလုပ်ခဲ့ဖူးတဲ့ ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ ရိန်းဂျားမန်နေဂျာ မတ်ဝါဘာတန်နဲ့ ရော်ဂျာတို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းဟာ မန်နေဂျာ ၆ ဦးလောက်ကို အင်တာဗျူးခဲ့တာ ဖြစ်ပြီး ဒီအထဲက အကောင်းဆုံး မန်နေဂျာတဦးကို လက်မှတ်ရေးထိုးခဲ့တာလို့ ကလပ်အသင်းမှာ တဦးချင်း ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ ဒတ်မွန်က ပြောပါတယ်။ ဆဲလ်တစ်အသင်းဟာ စကော့တလန် ပရီးမီးယားလိဂ်မှာ ချန်ပီယံအဖြစ် ရပ်တည်နေပါတယ်။ ဆွမ်ဆီး၊ ရီဒင်းနဲ့ ၀က်ဖို့ဒ်အသင်းတွေကိုလည်း ရော်ဂျာက ကိုင်တွယ်ခဲ့ဖူးပါတယ်။
5 years Ago
Up